ပန်းတစ်ပွင့်
ဆူးညွှန့်တွေဝိုင်းနေလည်း
နမ်းခွင့်ရယ် ရချင်တယ်
ပန်းတစ်ပွင့်ရဲ့
ဒဏ္ဍာရီမှာ
ဥယာဉ်မှူးလဲး ဖြစ်ချင်မိတယ်
9/05/2007
7/08/2007
ပို့(စ်) အသစ်တဲ့ အဲးဒီပို့(စ်)တွေကို ဘယ်လိုရေး ရမှန်း မသိဘူး လေ. စိတ်ကူးထဲးရှိ တာတွေကို ကျတော့လဲး စိတ်ထဲးမှာပဲးရေးလို့ ပြီးသွားတယ် ဘလော့ပေါ်မတင် ဖြစ်ဘူး . ကျွန်တော်ဘုရားသွား ရင်စဉ်းစားမိသွားတာ ပါ ကျွန်တော်က ငါလူငယ်တစ် ယောက်ပါပဲး ဆိုပြီး ဘုရားကို ဘောင်းဘီ အတိုနဲ့ သွားဖြစ်တယ်
ဘုရားပေါ် တက်နေရင်းနဲ့ စဉ်းစားဖြစ် သွားတာက သူများနိုင်ငံတွေမှာ သူတို့ရဲ့ဘာသာရေးနဲ့ သက်ဆိုင်တဲ့ နေရာတွေကို သွားတဲ့အခါ သူတို့ရဲ့အသေသပ်ဆုံး ၀တ် ဆင် ပြီးသွားတယ်လို့ ထင်တယ် (TVထဲးမှာတွေ့တာတွေပေါ့) ကျွန်တော်တို့ဆီမှာတော့ ဘုရားသွားတဲ့အခါမှာ သန့်ပြန့်အောင်တော့ ၀တ်ကြပါတယ် ဒါပေမယ့် ဘာသာရေးအရ၀တ်တဲ့အခါမှာ မသင့်မြန်းဖြစ်နေ မလား လို့စဉ်းစားမိတယ် အဲးဒါကဘုရားရောက်တော့ တွေးမိတာပေါ့ ဘုရားပေါ်ကပြန်ဆင်း မှာ တခြားမုခ်က ဆင်းတော့ ဘုရားတက်တာတောင် ကိုယ့်လွယ်အိတ်တွေအစစ်ဆေးခံ ကြရတာကိုယ်တွေ့မယ်တယ် စိတ်လေ တာပဲးခင်ဗျာ..
ကိုယ်ရေးတာကိုယ်ဘာသာတောင် ခပ်ကြောင်ကြောင် ဖတ်ရယတ် ဆိုတော့ဗျာ..
မသိုးမလေးရေ.. ဘာလဲးတော့မသိဘူး ဒါကြမ္မာကို ကျေးဇူးတင်ပြီး နောက် သကာလပေါ့ နော်..
6/10/2007
တိတ်ဆိတ်ဆိတ် နဲ့
ကျွန်တော်ငြီးတွားနေတဲ့ နေရာမှာ
အမှတ်မထင်
အပြုံးဘုရင်လို့ တင်စားမိတဲ့
နတ်သမီး သူရောက်လာခဲ့တယ်
ပူလောင်လွန်းလို့
ကျွန်တော့်စိတ်တွေထိုင်းမှိုင်းနေတဲ့အချိန်
မယုံကြည်နိုင်အောင်
အအေးမြဆုံးလို့ ကျွန်တော်ယုံမှတ်ခဲ့တဲ့
သူ့မျက်ဝန်းကို တွေ့ခဲ့တယ်
လေားကမှာ
ကျွန်တော်လိုတာ စစ်မှန်တဲ့ သစ္စာရှိမှုပါပဲး
သူလဲး ကျွန်တော့်ကို ပေးခဲ့ပါတယ်
ဒါပေမယ့် ကံကြမ္မာက
ကျွန်တော့်အတွက် ဘ၀ကိုမေားစေတဲ့
အဆိပ်တစ်ခွက် တိုက်ကျွေးပြီး
သူနဲ့ကျွန်တော့်ကို ဝေးစေခဲ့တယ်
ဒါပေမဲ့ ကျေးဇူးပါပဲး
ကံကြမ္မာရယ်
ကျွန်တော်မျက်ရည်စိုစို နဲ့ပြုံးပြပြီး
အဝေးကနေတမ်းတနေလိုက်ပါတော့မယ်

6/06/2007
ကျွန်တော် ခုနောက်ပိုင်း မဖြစ်ညစ်ကျယ် ကဗျာလေးတွေရေးနေတာတောင် ထွက်မလာဘူး (ကဗျာလေးတွေ ပြေားပါရဲ့ ) အဲးဒါကြောင့်အရင်ရေးထားတာလေးတွေကို ဝေဖန်မှုခံချင်လို့ ဘလော့ပေါ်တင်မိတာပါကျွန်တော့် အချစ်
ကံကိုအချိုးချ နက္ခတ်ကို လွန်ဆွဲး
နယူတန်က ပြေားခဲ့သလား
ပြောင်းပြန်သက်ရောက်ခြင်းတရားများ
ဆွဲးထားရင်းကပဲး
ကွဲးသွားကြတာ သဘာဝပဲး
စိတ်မှာ စွဲးထားတာက
တန်ပြန်သက်ရောက်ခြင်း မေတ္တာ
မေတ္တာနှင့်လာသော သူကို မိစ္ဆာစိတ် နှင့်ဧည့်ခံသူ
အလင်းနှင့်ကိုယ့်ကို အမှောင်ခန်းမှာ ပိတ်ထားသူ
ဒီလိုပဲး ချစ်ခြင်းဖြင့်လာသေား ကိုယ့်ကို အမုန်းဖြင့်စိုက်ကြည့်သူ
မင်းမုန်းနိုင်ပါတယ် ငါ့ကို
ပြောင်းပြန် အချိုးကျခြင်းလေ
ငါချစ်သလောက်မင်းငါ့ကို မုန်းနိုင်ပါတယ်
ဒါပေမယ့် ငါယုံကြည်တာက တန်ပြန်သက်ရောက်ခြင်း
ချစ်ခြင်းနဲ့ကြည်လို့ အပြစ်ကင်းတဲ့မင်းကို
ထာဝရချစ်နေမယ်

6/05/2007
ပထမ.. အချစ်ကို တွေ့ရှိခဲ့သည်
အချစ်ကို ခံစားမိခဲ့သည်
ဒါပေမယ့် ... အချစ်က နှုတ်မဆက်
ရုတ်တရက် ပျောက်ကွယ်တော့
ငါ..... နာကျင်ရသည်
ရင်မေားရသည်
အချစ်... ၀င်လာတုန်းက တံခါးမခေါက်သလို
အချစ်... ပျောက်ဆုံးချိန်လည်း နှုတ်မဆက်
အချစ် ကြောင့်နာကျင်ရခြင်းဟာ ငါ့အတွက်ရက်ရက်စက်စက်

5/27/2007
ကျွန်တော်စာအများကြီးမရေးတတ်ပါ ရေးလဲး မရေးဖူးပါ.. ဒါပေမယ့် Blogger မှာ ဟိုစမ်းသည်စမ်းလုပ်ပြီးတော့ ထပ်စမ်းချင်တာနဲ့ ရေးဖို့စဉ်းစားတယ် ခေါင်းက လည်း ဘာမှမထွတ်ဘူး ဒါနဲ့အရင်တုန်းက ရေးခဲ့ဖူးတဲ့ ကဗျာလည်း မမည်ပါဘူး ဘာခေငါးစဉ်တပ်ရမှန်းလည်း မသိပါဘူး ဖတ်ကြည့်မယ် ဆိုရင်တော့ ဆက်ရန်ရှိတယ်နော်. :)
တနေ့မမြင် ပိုချစ်ခင်၏
စိတ်မှာစွဲးလမ်း သူ့ကိုတမ်းတ
အဝေးမှာသာ ငေးရသူမို့
သူမမြင်အောင် ပုန်းကာဝှက်ကာ
ချစ်ရရှာသူ ကိုယ်ဟာလေကွယ်
မင်းမြင်မှာလဲး စိုးရတယ်
ယနေ့တစ်မူ
မင်းကို မမြင်တွေ့ရသည့်အခါ
ရင်ခွင်ကောင်းကင် ဟင်းလင်းပြင်ထဲး
မင်းနာမည်သာ ဟစ်အော်ငိုကြွေးလိုက်ချင်ရဲ့
