လွမ်းပျိုမေ...

1/14/2009

0 comments

နေ့တွေပြောင်းလို့
လတွေလဲ ဟောင်းခဲ့ရပြီ
ချစ်သော ပျိုမေရေ...

သည်းဦးကန္နာခရီးမှာ...
မျှားဦးခါခါ ရွှေ့ရင်းနဲ့မှ..
သဒ္ဒါပို မိသူပါ ပျိုမေ...

နင့်ကို လွမ်းမိတဲ့
ငါ့ရင်ဘက်ထဲ..
အာရုံခေါ်သံ သီချင်းတွေ...
နင်အတွက် ငါ့ရဲ့ လွမ်းတေးတွေကို..
ငါ ကိုယ်တိုင် မဖျက်စီးနိုင်ခင်..
မုန်တိုင်း တစ်ချို့ ဝင် ခတ်သွားလို့
မင်းနဲ့ ပတ်သက်မှု အပိုင်းအစတွေ.. လစ်ဟာခဲ့ရပြီ..

နင်ပျော်ပါစေ ပျိုမေ..
ငါ ဆုတောင်းတယ်..
ငါပျော်ပါတယ်.. ပျိုမေ..
နင်နဲ့ သိကျွမ်းခဲ့တဲ့ ကာလတစ်လျှောက်..
ပျော်ပါတယ်.. ကွယ်...။

ပန်းတစ်ပွင့်

9/05/2007

1 comments

ပန်းတစ်ပွင့်
ဆူးညွှန့်တွေဝိုင်းနေလည်း
နမ်းခွင့်ရယ် ရချင်တယ်

ပန်းတစ်ပွင့်ရဲ့
ဒဏ္ဍာရီမှာ
ဥယာဉ်မှူးလဲး ဖြစ်ချင်မိတယ်

လမ်း

9/03/2007

0 comments

လမ်းပေါ်မှာ ကာရံတွေရှိတယ်
လမ်းပေါ်မှာ ကဗျာတွေရှိတယ်
လမ်းပေါ်မှာ ၀တ္ထုတွေရှိတယ်
လမ်းပေါ်မှာ ဘ၀တွေရှိတယ်

လမ်းပေါ်က ကာရံတစ်ချို့တစ်ဝက်
ကျွန်တော်ကြားခဲ့ဖူးတယ်
အခုတော့ မေ့ပျောက်သွားပြီ

လမ်းပေါ်က ကဗျာအချို့
ကျွန်တော် ဖတ်မိခဲ့တယ်
ရွတ်ပြီခဲ့တယ် နောက်ဆုံးမေ့ပျောက်သွားတယ်

လမ်းပေါ်က အကြောင်းဝတ္ထုတွေ
ကျွန်တော် ဖတ်ဖူးခဲ့ပါတယ်
အကြောင်းအရာအစုံပဲး
အခုတော့ပြန်ပြေားပြဖို့ မေ့နေခဲ့ပြီ

လမ်းပေါ်က ဘ၀တွေ
လမ်းတွေပေါ်မှာ လူတွေတချို့
ဘ၀တွေစခဲ့ကြတယ်
အဲးဒီလမ်းတွေပေါ်မှာပဲး
သူတို့ဘ၀တွေ ဆုံးခဲ့ကြတယ်

လမ်းပေါ်က သမိုင်း
ကျွန်တော် သိမိတာလဲးရှိသလို
ကွှန်တော်မသိသေးတာတွေလဲးရှိလေရဲ့

ကျွန်တော်သိမိတာတွေက ခပ်ဝါးဝါးရယ်
ကျွန်တော်နေတဲ့မြို့ တချိန်က
သွေးစွန်းဖူးတဲ့လမ်းတွေ ရှိနေတယ်
ဆိုရုံလောက်ပါ


အဲးဒီလိုသွေးစွန်းဘူးတဲ့ လမ်းတွေပေါ်မှာ
ငြိမ်းချမ်းစွာ နေထိုင်လျှောက်လှမ်းနိုင်ဖို့
ဆန္ဒပြုလျှက်

3.Sep.2007