လမ်း

9/03/2007

လမ်းပေါ်မှာ ကာရံတွေရှိတယ်
လမ်းပေါ်မှာ ကဗျာတွေရှိတယ်
လမ်းပေါ်မှာ ၀တ္ထုတွေရှိတယ်
လမ်းပေါ်မှာ ဘ၀တွေရှိတယ်

လမ်းပေါ်က ကာရံတစ်ချို့တစ်ဝက်
ကျွန်တော်ကြားခဲ့ဖူးတယ်
အခုတော့ မေ့ပျောက်သွားပြီ

လမ်းပေါ်က ကဗျာအချို့
ကျွန်တော် ဖတ်မိခဲ့တယ်
ရွတ်ပြီခဲ့တယ် နောက်ဆုံးမေ့ပျောက်သွားတယ်

လမ်းပေါ်က အကြောင်းဝတ္ထုတွေ
ကျွန်တော် ဖတ်ဖူးခဲ့ပါတယ်
အကြောင်းအရာအစုံပဲး
အခုတော့ပြန်ပြေားပြဖို့ မေ့နေခဲ့ပြီ

လမ်းပေါ်က ဘ၀တွေ
လမ်းတွေပေါ်မှာ လူတွေတချို့
ဘ၀တွေစခဲ့ကြတယ်
အဲးဒီလမ်းတွေပေါ်မှာပဲး
သူတို့ဘ၀တွေ ဆုံးခဲ့ကြတယ်

လမ်းပေါ်က သမိုင်း
ကျွန်တော် သိမိတာလဲးရှိသလို
ကွှန်တော်မသိသေးတာတွေလဲးရှိလေရဲ့

ကျွန်တော်သိမိတာတွေက ခပ်ဝါးဝါးရယ်
ကျွန်တော်နေတဲ့မြို့ တချိန်က
သွေးစွန်းဖူးတဲ့လမ်းတွေ ရှိနေတယ်
ဆိုရုံလောက်ပါ


အဲးဒီလိုသွေးစွန်းဘူးတဲ့ လမ်းတွေပေါ်မှာ
ငြိမ်းချမ်းစွာ နေထိုင်လျှောက်လှမ်းနိုင်ဖို့
ဆန္ဒပြုလျှက်

3.Sep.2007

No comments: