သင်္ကြန်အတာဟာ နွေအခါမှာ
မြန်မတိုတို့ရဲ့ ပျော်စရာပါ
နှစ်စဉ်အတာ ပန်းပိတောက်ဝါက
ထိန်သာပင်လုံး ညွတ်ကျ လှ၏
ဒီနှစ်အတာ ပိတောက်ဝါလည်း
မမြင်တွေ့ရ ပင်မှာခြောက်ကပ် ကိုင်းချည်းကျန်၏
သင်္ကြအတွက်ရွာသွန်းတတ်တဲ့ သင်္ကြန်မိုးလည်း
တစ်ဖြောက်မတွေ့ ခြောက်သွေ့လှတယ်
အတာတစ်ကူးက ပုံမှန်ထက်ပြောင်းလို့ တစ်နှစ်ဟောင်းပေဦးမည် ။
တစ်နှစ်တာပြောင်းခဲ့ပေမဲ့
ငါ့ဘ၀ကတော့မပြောင်းသေးပါ
ခြောက်သွေ့အနာဂတ် လမ်းပျောက်စဲးနှင့်
စိတ်ဓာတ်တံတိုင်းက ချည့်နဲ့စဲးပါ
ဒါပေမယ့်ငါပျော်အောင်နေမယ်။
ခါသင်္ကြန်အတာကူးတဲ့
ဒီတစ်ကူးမှာ သူများတွေလိုပျော်ကြည့်မယ်
စိတ်ညွှတ်ကာဆန္ဒနဲ့ တောင်းဆုခြွေမယ်
မြန်ပြည်သားမှသည် တစ်ကမ္ဘာသားလုံး
ကိုယ်စိတ်နှဖြာအေးချမ်း၊ ချမ်းမြကြပါစေ။
april,14,2007(7:20 AM)
No comments:
Post a Comment