ငါဟာ မင်းကို ရပ်စောင့်နေခဲ့တယ်
နှောက်ယှက်ဖို့ မဟုတ်ပါဘူး
ဒါတွေဟာ အနှောက်အယှက်ဖြစ်တယ်လို့
မင်းယူဆရင် Sorry! ဆိုတဲ့
စကားတစ်ခွန်းတောင် မပြေားပဲး
ငါထွက်သွားမှာပါ
မင်းအပေါ် ငါ့ရဲ့အာရုံစိုက်မှုဟာ
မင်းအတွက် မလိုလားအပ်တဲ့
ပြသနာတွေ ဖြစ်စေတယ်ဆိုရင်
မင်းအနားကို အမြဲးလာချင်တဲ့
ငါ့ရဲ့စိတ်ဓာတ်တွေိကို
မြေအောက် လှိုင်ခေါင်းတစ်ခုရဲ့
အမှောင်အခန်းလေးထဲးမှာ
ပိတ်ထားလိုက်မှာပါ
မဖြစ်နိုင်တဲ့ ကိတ်စဆိုပေမယ့်
ငါ့မှာဖြစ်ချင်တာလေး တစ်ခုရှိနေတယ်
မင်းရဲ့စိတ်မှာ နေရာတစ်ခုရဖို့ကိုပေါ့
ဒါတွေဟာ မင်းကို အိပ်မက်ဆိုးလို
ခြောက်လှန့်နေမယ်ဆိုရင်တော့
ကိုယ့်အိပ်မက်ကနေ အမြန်နိုးထလိုက်မှာပါ
ကိုယ့်ဆန်ဒဟာ မင်းမျက်ရည်မဖြစ်စေရဘူးလေ
ကံကြမာဆိုတဲ့
ဇာတ်ဆရာကသာ ငါ့ရဲ့ချစ်ခြင်းကို
ခံစားသိရှိလို့ နားလည်ပေးမယ်ဆိုရင်
ချစ်တဲ့ သူ ကသာ
တန်ပြန်သက်ရောက်မှုဆိုတဲ့
ချစ်ခြင်းတွေများ ကိုယ့်ဆီ သက်ရောက်ခဲ့ရင်
အိပ်မက်ဟာ ဆန်ဒနဲ့
ထပ်တူပြုလို့ ချစ်တဲ့သူ မင်းနဲ့ငါ
အတူပျော်ချင်တယ် ချစ်သူ ရယ်
No comments:
Post a Comment