ဆန္ဒ

4/13/2007


သန့်စင်ကြည့်တဲ့ မျက်ဝန်းတစ်စုံ
ကိုယ်မြင်ခဲ့တယ်
အဲ့ဒီအတွက် နောက်ကြောင်းမလိုဘူး
မျက်ဝန်းထဲးမှာ ဆူးသွားရှိမရှိ
ငါသိဖို့မလိုဘူး
ငါသိတာ တစ်ခုပဲးရှိတယ်.
မင်းကို ရင်ခုန်မိသွားပြီ


မျက်ဝန်းကို ရင်ခုန်စွာစိုက်ကြည့်မိခဲ့စဉ်မှာ
မင်းအပြုံးရဲ့ကြည်လင်နေပုံကို ငါတွေ့ခဲ့ရတယ်
ငါဘာကိုမှ မစဉ်းစားချင်တော့ပါဘူး
ငါ့ရင်ထဲးမှာ စကားလုံးတစ်ခုပဲး ပေါ်လာခဲ့တယ်
“ငါသူ့ကို ချစ်မိသွားပြီလား”

စကားစုရဲ့နောက်ကွယ်မှာ ငါဟာမင်းရဲ့အချစ်ကို
တောင့်တမိပြီကွာ
နှုတ်ခမ်းဖူးငုံက
ပန်းနုရောင်
အရောင်စိုစို အပြင်
အမူအယာ မပိုခဲ့ဖူး လို့ငါထင်တယ်
နှုတ်ခမ်းတစ်စုံရဲ့ဖြစ်တည်မှုကို
ငါမလိုချင်ဘူး
ငါ့အတ္တက မင်းနှုတ်ခမ်းဆီက
စကားတစ်ခွန်းကို နှစ်လိုစွာ ကြားချင်မိတယ်


No comments: